CCN Statement on the 66 th Anniversary of Chin National Day

( ၆၆ ) နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်။

ရက်စွဲ။ ၂၀ ဖေဖော်ဝါရီ ၂၀၁၄  

ယနေ့ ၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့  သည်  ဘိုးဘွားများက ခိုင်မာသည့် စိတ်ပိုင်းဖြတ်မှုဖြင့် ဒီမိုကရေစီ နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ကိုရွေး ချယ်ခဲ့ကြသည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယင်းကြောင့် နော်ဝေးရောက် ချင်းအမျိုးသား များအဖွဲ့အစည်း CCN ကလည်း ဘိုးဘွားများက ချမှတ်ခဲ့ပြီး ပြည်သူတရပ်လုံးနှင့် လက်တွဲ၍ အမျိုးသားရည်ရွယ်ချက်ပန်းတိုင်ကို အကောင်အထည် ဖေါ်နိုင်ရန် ကြိုးစား ပါဝင်သွားရန် အသစ်တဖန် ကတိပြုအပ်ပါသည်။

ချင်းအမျိုးသားနေ့သည် ၂၀၁၂ ခုနှစ်၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံအစိုးရ တို့ ဆွေးနွေးသဘောတူညီမှုအချို့ လက်မှတ်ထိုးသည့် အချိန်အထိ မြန်မာပြည်တွင် လုံးဝကျင်းပခွင့် မရခဲ့ပါ။ ယနေ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှင့်အတူ ချင်းအမျိုးသားနေ့ ကျင်းပခွင့်ပေးခဲ့ခြင်းကို CCN ကလှိုက်လှဲစွာ ကြိုဆို၍၊ ပွင့်လင်းမြင်သာမှုရှိလာသည့် အခြေအနေကို အခွင့်ထူးအရ ယူ၍ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး နှင့် ဖယ်ဒရယ်ရရှိရေးအတွက် တစ်မျိုး သားလုံး အားတက်သရော ပါဝင်ကြပါရန် တိုက်တွင်းလိုပါသည်။

ယနေ့ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့ခေါင်းဆောင်များ၊ အတိုက်အခံပါတီ ခေါင်းဆောင်များ၊ လူထုအခြေခံ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်များ အားလုံးတက်တက်ကြွကြွ အတူလက်တွဲ ကြပြီး၊ မိမိတို့လိုလားတောင့်တနေသည့် တိုင်းရင်းသားများ အခွင့်အရေး တန်းတူရှိပြီး၊ တစ်ဦးကိုတစ်ဦး လေးစားမှုရှိသည့် ငြိမ်းချမ်းပြီး ဖယ်ဒရယ်စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတည်ထောင်ရေး ကို တစိုက်မတ်မတ် လုပ်ဆောင်ကြဖို့ အလွန်အ ရေးကြီးသည့် အချိန်ကာလဖြစ်သည်။

ချင်းလူမျိုးများလည်း စည်းလုံးညီညွှတ်ခြင်းကို ဦးထိပ်ထားပြီး၊ လူမျိုးအကျိုးစီးပွား၊ နိုင်ငံရေး အတူလက်တွဲနိုင်မှု၊ နှစ်ဖက် အပြန်အလှန်လေးစားမှုတို့ကို ထိခိုက်ပျက်ပြား အားနည်း စေသည့် ပုဂ္ဂိုလ်ရေးပြဿနာ နှင့် လူမျိုးနွယ်စုများ၏ သေးငယ်သော အမှုကိစ္စရပ်များကို ဦးစားမပေးဘဲ၊ တမျိုးသားလုံး နှင့် သက်ဆိုင်သည့် ပြဿနာ ကိစ္စရပ်များကို ဦးစားပေးဖြေရှင်း လုပ်ဆောင်သွားကြဖို့ အရေးကြီးသည့် အချိန်အခါဖြစ်ပါသည်။ ထို့ကြောင့် တစ်မျိုးသားလုံး အကြိုးစီးပွားအောင်ပွဲနိုင်ရန် အဓိကသော့ချက်မှာ အမျိုးသားစည်းလုံးညီညွှတ်ရေး ပင်ဖြစ်သည်။

နော်ဝေးရောက် ချင်းလူငယ်များအနေ နှင့်လည်း အချိန်ရှိခိုက်လုံ့လစိုက်၊ အဆင့်မြင့်ပညာရပ်များကို အားတက်သရော လေ့လာစည်းပူး တတ်မြောက်ကြပြီး၊ မိမိတို့ လူ့ဘောင်အသိုင်းအဝန်း နှင့် မိမိဇစ် မြစ်ဇာတိနယ်မြေ ပြန်လည် ထူထောင်တည်ဆောက်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင် လုပ်ဆောင်ရန် အရေးကြီးသည့် အချိန်ကာလဖြစ်ကြောင်း ပြန်လည် အသိပေးလိုပါသည်။

နော်ဝေးအစိုးရ၏ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရေး၊ ဒုက္ခသည်များ ကာကွယ်ကူညီဆောင့်ရှောက်ပေးမှု၊ ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်ကူညီမှု အပေါ် CCN မှကျေးဇူးအထူးတင်ရှိကြောင်း နှင့်၊ ဆက်လက် ကူညီစရာများကိုလည်း လူ့အခွင့်အရေး နှင့် လူသားခြင်းစာနာမှုကို ဦးထိပ်ထားလျှက် ပါဝင်ကူညီ ပါရန်တောင်းဆို တင်ပြလိုပါသည်။ ယင်းသို့အကူညီများ ပေးရာတွင်လည်း တိုင်းရင်းသားများ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို လည်း အစဉ် ထည့်စဉ်းစားသင့်ကြောင်း အသိပေးတင်ပြရင်း ဤ CCN ၏ (၆၆) နှစ်မြောက်ထုတ်ပြန်ချက်ကို နိဂုံးချုပ်အပ်ပါသည်။

(ဤထုတ်ပြန်ချက်ကို Stavanger(20FEB14) နှင့် Asker(22FEB14) မြို့၌ကျင်းပသော ၆၆ ကြိမ်မြောက်ချင်းအမျိုးသားနေ့တွင် ဖတ်ကြားခဲ့ပါသည်။ )

Scroll to Top